ကျိုက်ထို စက်တင်ဘာ ၂၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းနေရွယ် ကလေးငယ်များကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျန်းမာရေးအသိပညာပေးလုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (ခလွန်) ၌ သွားနှင့် ခံတွင်းရောဂါစစ်ဆေး၍ ကုသပေးခဲ့သည်။
ထိုသို့ကုသရာတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမင်းအောင်မန်းက ကျောင်းသား၊ ကျောင်းသူ(၃၄)ဦးအား သွားရောဂါများ စစ်ဆေးပေးပြီး သွားနှုတ်ပေးခြင်း၊ သွားဖာပေးခြင်းများကို ဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျန်းမာရေးမှူးအဆင့် (၁) ဦးထွန်းညီညီက ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးမှုအခြေအနေများကို စစ်ဆေး၍လိုအပ်သည့် ဆေးဝါးများ ပေးအပ်ခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝင်းမောင်