ဆီဆိုင်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဆီဆိုင် စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဆီဆိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်အသိပညာဗဟုသုတ၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များဖြင့် ဟောပြောပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက လူငယ်နှင့်အားကစားလှုပ်ရှားမှု ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ  အားကစားမှူး ဦးဇော်ထွန်းက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌လည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။         

မြို့နယ်(ပြန်/ဆက်)