မက်မန်းခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတား အမြန်ပြန်လည်ပြင်ဆင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျိုင်းတုံ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၌ ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော ဘေလီတံတားအား အမြန်ပြန်လည် ပြင်ဆင်နိုင်ရေး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ  တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမောင်ဆွေ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်​ဇေယျံလင်းတို့က မက်မန်းခရိုင်အတွင်း ဩဂုတ်လ (၂၂) ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကောင်းကေး- ငဟောင်လမ်းပေါ်ရှိ အရှည် (၉၀) ပေ ဘေလီတံတား၏ ဘေလီဘောင်များ မျောပါခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မက်မန်းခရိုင်၊ ကျေးလက်လမ်းဖွံ့​ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ထွန်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြရာ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ပေ (၂၀၀) အရှည်ကြိုးတံတား ပြန်လည်တည်ဆောက်ရန်နှင့် ကောင်းကေး-ငဟောင်လမ်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)