မတ္တရာမြို့နယ်တွင် နေကြာမျိုးစေ့​ပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာရောင်းချပွဲ အခမ်းအနားပြုလုပ်

အောင်မြေသာစံ စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေကြာမျိုးစေ့​ပေးအပ်ခြင်းနှင့် ဓာတ်မြေသြဇာရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိန်ယု၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးရဲမင်းသောင်း၊ ခရိုင်ဆည်မြောင်းဦးစီးမှူး ဦးမျိုးမင်းသန့်၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးဇော်ဇော်လင်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြတ်သီတာ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဇော်လင်းသိန်း၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးမျိုးသက်မောင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး Dr သန်းထွန်းဦးနှင့်  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ တောင်သူများ(၆၀)ဦးတို့ တက်ရောက်ကြသည်။

အစီအစဉ်အရ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းက မြို့နယ်တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များဆွေးနွေးသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက နေကြာမျိုးစေ့များ အားပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ နေကြာမျိုးစေ့များပေးအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချသည့် ယူရီးယားဓါတ်မြေဩဇာများအား တောင်သူများထံသို့ ရောင်းချပေးသည်။

ဆက်လက်ပြီးအစေ့ထုတ်ပြောင်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ပတ်သက်သည့် နည်းပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း