ပြင်ဦးလွင်မြို့၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊  ပြင်ဦးလွင်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းတည့်  ၁၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့်  ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ဆည်မြောင်းဦးစီးဌာန (အသုံးချ)ခရိုင်ဦးစီးမှူးမှ   ဆည်/တံတားများ လက်ရှိ ရေအမှတ်အခြေအနေနှင့် ထိန်းသိမ်း ကာကွယ်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိမှ မြို့ရေပေးဝေရေး ရေလှောင်ကန်များ ထန်းသိမ်းထားရှိမှုအခြေအနေ၊ သောက်သုံးရေ ရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း ခရိုင်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်လူ၊ ပစ္စည်း၊ စုဖွဲ့ထားရှိမှု  အခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ မှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှုနှင့် အ‌ခြားလိုအပ်ချက်များ တင်ပြဆွေးနွေးခြင်းနှင့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမှ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး  တက်ရောက်လာသူများမှ  မိမိတို့ဌာနများအလိုက်  ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍  အထွေထွေဆွေးနွေးတင်ပြခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့   က္ကဋ္ဌ   ဦးသန့်ဇော်ဦးမှ  သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)