မြောက်ဥက္ကလာပ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပ မြို့၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းမြတ်ခရေခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်မြမြ၀င်း နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ခင်သီတာထွန်းတို့က ဦးဆောင် ဆွေးနွေး သူအဖြစ်ဆောင်ရွက်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသား မောင်သပြေခန့်က "လူငယ်နှင့် စာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မမြတ်ပန်းအိမ်က "လူငယ်နှင့်နည်းပညာ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Geade-11 ကျောင်းသား မောင်မင်းဘုဏ်းအိမ်က "လူငယ်နှင့် ကျန်းမာရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသူ မထိပ်တြာလ၀န်းက "လူငယ်နှင့် မူးယစ်ဆေး" ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Grade -9 ကျောင်းသား မောင်ပြည့်စုံပိုင်က "လူငယ်နှင့် အားကစား" ခေါင်စဉ်ဖြင့်လည်းကောင်း ၊ Grade -9 ကျောင်းသူ မအိပိုးဖြူက "လူငယ်နှင့် ယဉ်ကျေးမှု"ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော ကျောင်း သား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာ၀န်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြသည်။ ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့် က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တာ၀န်ရှိသူများက စကားဝိုင်းပါ၀င် ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် ပိုစတာများ ၊ သုတ၊ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ ကြ ကြောင်းသိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လောဟာ နှင့် အဖွဲ့၀င်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ ၊ ကျောင်းအုပ်ဆရာမကြီး ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြာင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် (ပြန်/ဆက်)