"ထက်အောင်"ဆောက်လုပ်ရေးကုမ္ပဏီမှ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ရေသန့်၊ ဆပ်ပြာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် မုန့်မျိုးစုံများကို ပေးအပ်လှူဒါန်း

ပုဗ္ဗသီရိ စက်တင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံငွေ၊ ဆန်၊ ဆီ၊ ရေသန့်၊ ဆပ်ပြာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် မုန့်မျိုးစုံများကို "ထက်အောင်" ဆောက်လုပ်ရေးကုမ္ပဏီမှ ယနေ့နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းခဲ့သည်။

"ထက်အောင်"ဆောက်လုပ်ရေးကုမ္ပဏီမိသားစုနှင့် ဝန်ထမ်းများမှ ရွာသစ်ကျေးရွာ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ရေဘေးရှောင်အိမ်ထောင်စု (၇၂) စုတို့အတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် (၅၀၀၀၀)၊ ဆန် (၃) ပြည်၊ ဆီ (၅၀) သား၊ (၁၂) လုံးပါ ကြက်ဥတစ်ကဒ်၊ ခေါက်ဆွဲခြောက်ထုပ်၊ ဆပ်ပြာသုံးခဲ၊ (၁၂) ဗူးပါရေသန့်တစ်ကဒ်နှင့် မုန့်မျိုးစုံတို့အား ရေဘေးရှောင်မိသားစုဝင်များအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)