မြင်းခြံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် လစာငွေများ ထောက်ပံ့ငွေများ ပေးအပ်

မြင်းခြံ စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် လစာငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ် ၂ နာရီအချိန်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့သည်။

 “၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြင်းခြံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများရှိ တာဝန်ခံဆရာမများနှင့် စာသင်ဆရာမများအတွက် လစာငွေများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါတယ်။ လစာငွေများကိုတော့ ဘဏ္ဍာနှစ်တစ်နှစ်လုံးစာ တစ်ကြိမ်းတည်း ထောက်ပံ့ ပေးခြင်းဖြစ်ပါတယ်” ဟု မြင်းခြံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီဝင်းက ပြောသည်။

မြင်းခြံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများဖြစ်သည့် မြင်းခြံမြို့ အမှတ်(၂) ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ တောင်သာမြို့နယ် မိခင်နှင့်ကလေးကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ ငါန်းဇွန်မြို့မ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအတွက် ကျောင်း(၁)ကျောင်းလျှင် လစာထောက်ပံ့ငွေ (၉၆၀၀၀၀) ကျပ်ပေးအပ်ခဲ့ကြောင်း သိရသည်။      

ကျော်စွာ(မြင်းခြံ)