ကျောက်ပန်းတောင်းမြို့နယ်တွင် လေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ နှုတ်မှုစွမ်းရည်တိုးတက်စေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပ

ကျောက်ပန်းတောင်း စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်များ နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်ပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်း စုဝေးခန်းမတွင် ပြလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လေးရွာခြေခံပညာအထက်တန်းကျောင်း ခေတ္တကျောင်းအုပ်ကြီး ဒေါ်ဝင်းရီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်တို့က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် Grade-10 မှ မောင်ကြယ်စင်ထွဋ်ခေါင်၊ မောင်အောင်စစ်သွေး၊ မောင်သန့်စင်အောင်နှင့် Grade-10 မှ မအိမြတ်သူ၊ မဝတ်ရည်ဖြူဖြူတို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ ဖတ်ရှုလေ့လာခြင်း၊ လူငယ်နှင့်မူးယစ်ဆေးအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် စကားဝိုင်းအပြီးတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ လေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ စုစုပေါင်း(၁၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)