မြင်းခြံ စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် မြင်းခြံဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
“၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မြင်းခြံဘိုးဘွားရိပ်သာမှာရှိတဲ့ ဂေဟာမှူးလစာ၊ အဘိုး အဘွား (၁၂) ဦးတို့အတွက် ဆန်ဖိုး၊ စားစရိတ်၊ ဝတ်စရိတ် ထောက်ပံ့ငွေ (၁၉၇၇၀၀၀) ကျပ်ကို ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်”ဟု ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီဝင်းက ပြောသည်။
မြင်းခြံဘိုးဘွားရိပ်သာအတွက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီဝင်းက ပေးအပ်ရာ မြင်းခြံဘိုးဘွားရိပ်သာ ဘဏ္ဍာရေးမှူး ဦးမြင့်အောင်က လက်ခံရယူ ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)