ခေါင်လန်ဖူး စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ(၁၇)ရက် နံနက်(၉) နာရီက ခေါင်လန်ဖူးမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမင်းဆန်းထွန်းကသင်တန်းဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သန်းခေါင် စာရင်းကော်မတီအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းတန်က လုံခြုံရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးသန်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြို့နယ်သန်းခေါင်စာရင်း ကော်မတီအဖွဲ့ဝင်များ၊ စာရင်းစစ်၊ စာရင်းကောက် လုပ်ငန်းဆောင်ရွက်မည့် ကျောင်းဆရာ/မများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ စုစုပေါင်း(၆၇)ဦးတို့အား စက်တင်ဘာ(၁၇)ရက်နေ့မ(၂၈)ရက်နေ့အထိ သင်တန်းကာလ(၁၀)ရက်ကြာ ခရိုင်အဆင့် နည်းပြသင်တန်းတက်ရောက်ခဲ့သည့် နည်းပြများက စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)