ကိုကိုးကျွန်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့ နေ့လယ်(၂)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာမြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်ကော်မတီဥက္ကဋ္ဌ၊ ဦးဆန်းမင်းမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ကိုကိုးကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဝကမှူးဒေါ်ဝါဝါသိန်းမှ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်ယူမည့် အခြေအနေများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်စီမံအဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အမျိုးသမီးရေးရာကော်မတီဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးစာရေးများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသားသင်တန်းသူများ စုစုပေါင်းအင်အား(၅၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၁၇.၉.၂၀၂၄ မှ ၂၈.၉.၂၀၂၄ရက်နေ့အထိ) ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)