၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းစာရင်းစစ် စာရင်းကောက်သင်တန်းဖွင့်လှစ်

မရမ်းကုန်း စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာမြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ စာရင်းစစ်စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က မရမ်းကုန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမတွင် ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မရမ်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး မရမ်းကုန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန့်ဇင်က စာရင်းစစ်စာရင်းကောက်များအား သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ စာရင်းစစ်စာရင်းကောက်သင်တန်းတွင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ စာတွေ့/လက်တွေ့ သင်ခန်းစာများကို နည်းပြများမှ(၁၇-၉-၂၀၂၄)မှ (၂၈-၉-၂၀၂၄)ထိ သင်ကြားပို့ချပေးမည်ဖြစ်ရာ မရမ်းကုန်းမြို့နယ်အတွင်းမှ သင်တန်းသားသင်တန်းသူ(၁၄၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။

 (မြို့နယ် ပြန်/ဆက်)