သာစည်မြို့နယ် သမဝါယမဦးစီးဌာန ဝန်ထမ်းမိသားစုများနှင့် သမဝါယမအသင်းများစုပေါင်း၍ မောင်းမဆည်ကျေးရွာ ရေဘေးသင့်ပြည်သူများသို့ စားရေရိက္ခာသွားရောက်လှူဒါန်း

သာစည် စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရေဝင်ရောက်သည့်ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်နေသကဲ့သို့ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ စေတနာရှင်ကုသိုလ်ရှင်များက စားရေရိက္ခာများ၊ အဝတ်အထည်များ သွားရောက်လှူဒါန်းပေးလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်က မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းမိသားစုများနှင့် သမဝါယမအသင်းများစုပေါင်းကာ မောင်းမဆည်ကျေးရွာ ရေဘေးသင့်ပြည်သူများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းဦးဆောင်၍ ဝန်ထမ်းမိသားစုများနှင့် သမဝါယမအသင်းများ စုပေါင်းကာ ကျပ် ၅၅၀,၀၀၀ တန်ဖိုးရှိ ဆန် ၂၄ ပြည်အိတ် ငါးအိတ်၊ ဆား ၃၀ ပိဿာနှင့် ရေသန့်ဘူးကြီး ၁၀၀ တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)