လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

လယ်ဝေး စက်တင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့မွန်းလွဲ (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ခေတ္တကျောင်းအုပ်ဆရာကြီး ဦးရဲစည်သူ ကအမှာစကား ပြောကြားပြီးမြို့နယ် ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-11 မှ မအေးအေးက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-10မှ မောင်ဇွဲဆက်နိုင်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ Grade.10 မှ မသက်မှူးစံက လူငယ်နှင့်ယဥ်ကျေးမှု Grade-11မှ မောင်အောင်ကောင်းမြင့်က လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ မေးခွန်းများအား ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)