ဝမ်းတွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ကျေးလက်လမ်းများအား ပြုပြင်ဆောင်ရွက်

ဝမ်းတွင်း စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ကျေးလက်လမ်းများအား ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိသည်။

ဝမ်းတွင်းမြို့နယ်အတွင်း (၁၁..၂၀၂၄)ရက်နေ့မှ (၁၄..၂၀၂၄)ရက်နေ့အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ တချို့သောကျေးရွာများတွင် ဖောက်လုပ်ထားသော ကျေးလက်လမ်းများ ပျက်စီးလျက်ရှိခဲ့ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ကျေးရွာနှင့်ပူးပေါင်းကာ ပျက်စီးသွားသောလမ်းများအား ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတွင်အင်းကန်းကုန်း-အင်းကန်းကြီး-လမ်း (/)မိုင် အမာခံလမ်းအားကေးရွာနဲ့အတူ ဝိုင်းဝန်း၍ ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်ပေးခဲ့သော အင်းကန်းကုန်း-အင်းကန်းကြီး ကျေးလက်လမ်းသည် အကျိုးပြုအိမ်ခြေ(၇၂၆)အိမ်၊ အိမ်ထောင်စု(၇၅၄)စု၊ လူဦးရေ (၃၃၉၀)ဦး ဖြစ်ပြီး အင်းကန်းကုန်း-အင်းကန်းကြီး-လက်ပတ် ကုန်း ကျေးရွာ()ရွာကို ဆက်သွယ်သွားလာနေသော လမ်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)