ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ကျောက်ဆည်  စက်တင်ဘာ  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ယမန်နေ့ညနေ(၄)နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းနှင့် ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသီ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ရုံးများမှ တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ရာ၌ ရေဘေးသင့်ပြည်သူတစ်ဦးလျင် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ(၂၁၀၀)ကျပ်နှုန်းဖြင့် ပေါက်ပင်ကွေ့ကျေးရွာအုပ်စုမှ ပြည်သူ(၁,၂၁၅)ဦးအတွက် (၂၅၅၁,၅၀၀)ကျပ်၊ ဆူးလေကုန်းကျေးရွာအုပ်စုမှ ပြည်သူ(၅၄)ဦးအတွက် (၁၁၃,၄၀၀)ကျပ်၊ ကျားကာကျေးရွာအုပ်စုမှ ပြည်သူ (၅၈၀)ဦးအတွက် (၁,၂၁၈,၀၀၀)ကျပ်၊ ဘောဂဝတီရပ်ကွက်အုပ်စုမှ ပြည်သူ(၂၀၀)ဦးအတွက် (၄၂၀,၀၀၀) ကျပ်၊ ဆူးကုန်းရပ်ကွက်အုပ်စုမှ ပြည်သူ(၂၁၀၀)ဦးအတွက် ငွေ(၁၄၇,၀၀၀)ကျပ်၊ ကြက်မင်းတွန်ရပ်ကွက်အုပ်စုမှ ပြည်သူ(၁၀၀)ဦးအတွက် ငွေ(၂၁၀,၀၀၀)ကျပ် တို့အား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ခရိုင်ပြန်/ဆက်)