ရပ်စောက် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်၊ ပုံပြင်ပြော၊ စက္ကူခေါက်ပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးများအား ဉာဏ်စွမ်းအား၊ အတွေးအခေါ်၊ အသိပညာဗဟုသုတများရရှိစေရန်၊ ပေါင်းသင်းဆက်ဆံရေးတွင် ချိုသာစွာပြောဆိုတတ်စေသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စိတ်ဓာတ်ခွန်အားများ အကျိုးရှိစွာအသုံးချတတ်စေရန်၊ အများအကျိုးဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းမွန်မွန်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)