ဒဂုံမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကျင်းပ

ဒဂုံ  စက်တင်ဘာ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်း၊ ဦးဘလွင်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဥက္ကဋ္ဌဦးမင်းသူကျော်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးရဲစွာ၀င်းမှ သန်းခေါင်စာရင်းသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမည့်ကာလဟုသတ်မှတ်ထားပြီး သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပူးပေါင်းပါ၀င်ဆောင်ရွက်ကြရန် နှိုးဆော်ထားပါသည်။

အဆိုပါသင်တန်းကို သင်တန်းသူ၊ သင်တန်းသား(၃၂)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလကို အောက်တိုဘာ(၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသတင်း ရရှိပါသည်။

လဲ့လဲ့(ပြန်/ဆက်)