သာစည် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်စာရင်း ကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားသည်။ ထို့နောက် သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် သင်တန်းအထောက်အပံ့ပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သင်တန်းသားများထံ ပေးအပ်သည်။ ဆက်လက်ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သင်တန်းနည်းပြများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ အဆိုပါ သင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ စက်တင်ဘာ ၂၈ ရက်ထိဖွင့်လှစ်မည်ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှညနေ ၄ နာရီအထိ သင်တန်းနည်းပြ ၁၂ ဦးတို့က သင်တန်းသား ၁၄၅ ဦးတို့ကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ သာစည်မြို့နယ်တွင် စုစုပေါင်း စာရင်းစစ် ၃၃ ဦးနှင့် စာရင်းကောက် ၁၂၄ ဦးတို့ ဖြစ်ကြောင်း သိရပြီး သာစည်မြို့နယ်၌ ကောက်ကွက် ၄၁၂ ရှိကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)