တံတားဦး စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့နိုင်ရေးအတွက် သူငယ် တော်ကျေးရွာ စေတနာပြည်သူများမှ မိမိတို့တက်စွမ်းနိုင်သရွေ့ကယ်ရေးပစ္စည်းများကို အဆိုပါကျေးရွာ မြတစ်သိန်းတန် ဓမ္မာရုံအတွင်းသို့ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းကြကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို သူငယ်တော်ကျေးရွာ စေတနာပြည်သူများမှ လှူဒါန်းရာတွင် ဆန်(၄၁)တင်း (၆)ပြီ၊ အလှူငွေ (၁၂၇၃၀၀၀)ကျပ်၊ အမျိုးသားဝတ်အင်္ကျီ(၅)ထည်၊ ပုဆိုး(၈၀)ကွင်း၊ လုံချည်(၁၁၄)ကွင်း၊ စောင်(၄၇)ထည်၊ တဘက်(၅၁၀) ထည်၊ ဆပ်ပြာမှုန့် (၁၇၀) ထုပ်၊ ဆပ်ပြာခဲ(၁၅၀)ခဲ၊ ခေါင်းအုံး(၉) လုံး၊ အမျိုးသမီးဝတ်ဝမ်းဆက်(၃၄၇)စုံ၊ စတီးချိုင့်(၁၆) လုံး၊ ဓါတ်ဘူး(၁၀) လုံး၊ ဆီ(၅၀)ကျပ်သားဝင်(၁၁)ဘူး၊ ဆပ်ပြာဆီ(၁၃)ဘူး၊ ပလတ်စတစ်ခြင်း(၁၅)လုံး၊ အင်္ကျီစ(၅၈)စ၊ ဇလုံ(၁၅)လုံး၊ ရေခွက်(၁၆)လုံး၊ ရေစစ်(၇၈)ခု၊ သွားတိုက်ဆေး (၉)ဘူး၊ သွားတိုက်တံ(၇)ချောင်း၊ ငရုပ်သီးခြောက်(၅)ပိဿာ၊ လက်ဖက်ခြောက်(၂)ထုပ်၊ ကြက်သွန်(၄၀) ပိဿာ၊ ဆား (၅၉) ပိဿာ၊ ဟင်းချိုမှုန့်(၄)ပိဿာတို့အား လှူဒါန်းကြကြောင်းနှင့် အဆိုပါပစ္စည်းများကို ရေဘေးရှောင်ပြည်သူများထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ကျေးရွာရေဘေးကယ်ဆယ်ရေးဖြစ်မြောက်ရေးကော်မတီ ဦးထွန်းလင်းထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)