နောင်မွန်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်စာရင်းကောက်သင်တန်းဖွင့်လှစ်

နောင်မွန်း စက်တင်ဘာ ၁၈

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်‌နေ့အထိ တစ်နိုင်ငံလုံးဆိုင်ရာလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စနစ်ကျပြီး အဆင်ပြေချောမွေ့စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လဝကမှူးဦးစိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်း‌ခေါင်စာရင်းကောက်ယူမှု လုပ်ငန်းဆိုင်ရာများ အကြောင်းရှင်းလင်းဆွေးနွေးခဲ့သည်။

 အဆိုပါသင်တန်းတွင် CAPI စနစ်ဖြင့်စာရင်း ကောက်ယူခြင်းဆိုင်ရာများ၊ သန်းခေါင်စာရင်းဆိုင်ရာ စာရင်းစစ်/ကောက်ဥပဒေပြဌာန်းချက်များနှင့် တားမြစ်ချက်များ၊ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများ/ ကောက်ယူရေးအစီအမံများနှင့် မေးခွန်းမေးမြန်းမှု/ စာရင်းကောက်ယူရေးသွင်းမှုဆိုင်ရာများကို စာရင်းစစ်စာရင်းကောက်များနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများစုစုပေါင်း(၃၁)ဦးနှင့် လဝကဝန်ထမ်းတို့ကို စက်တင်ဘာလ ၁၇ ရက်မှ ၂၈ ရက်နေ့အထိ ၁၀ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အဆင့်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စာရင်းစစ်/စာရင်းကောက်ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ စာရေးဝန်းများ(၆၃)ဦးတက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)