အလုံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

အလုံ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်သန်းခေါင်စာရင်းကော်မတီ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အနန္တပညာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသားမှ တစ်ဦးချင်းမိတ်ဆက်ပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၁၀)ကြာ နည်းပြ(၃)ဦး၊ သင်တန်းသား(၅၂)ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)