တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်

တံတား စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှု၏လမ်းစဉ်(၃)ဆင့်၊ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးခံရခြင်းကြောင့်ရရှိလာသောဆိုးကျိုးများ၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများ၊ လူမှောင်ခိုမှုများ၊ နိုင်ငံအပေါ် ထိခိုက်စေသောဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်စေသောဆိုးကျိုးများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့်လိုအပ်ချက်များ၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်အချက်များစသည့် အကြောင်းအရင်းများပါဝင်သည့် နံရံကပ်စာစောင်များပြသရာ ပြည်သူများစိတ်ဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)