ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်လှစ်

နေပြည်တော် စက်တင်ဘာ ၁၇

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်း ကော်မတီ‌ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့‌ဝင်များ၊  ဒက္ခိဏသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒက္ခိဏသီရိမြို့နယ် သန်းခေါင်စာရင်းကော်မတီ‌ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဒက္ခိဏသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်က အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းတွင် သန်းခေါင်စာရင်း လုပ်ငန်းစဉ်များ၊ သန်းခေါင်စာရင်း ဥပဒေပြဋ္ဌာန်းချက်များ၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊  လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်းရွှေ့ပြောင်း သွားလာခြင်းအကြောင်းအရာ၊ ပညာရေးအကြောင်းအရာ (အသက် ၃ နှစ်နှင့်အထက်)၊ လုပ်သားအင်အား အကြောင်းအရာ (အသက် ၅ နှစ်နှင့် အထက်)၊ မွေးဖွားခြင်း အကြောင်းအရာ (အသက် ၁၀ နှစ်နှင့်အထက်)၊ မသန်စွမ်းမှု အကြောင်းအရာ (အသက် ၅ နှစ်နှင့်အထက်)၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၊ အိမ်အကြောင်းအရာ၊ သေဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးခြင်းအကြောင်းအရာစသည့် ခေါင်းစဉ်များဖြင့် သင်တန်းနည်းပြများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့်နည်းပြသင်တန်းကို စက်တင်ဘာလ (၁၇) ရက်‌နေ့မှ (၂၈) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၇) ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)