သာစည်မြို့နယ်၌ ရေဝင်ရောက်ခဲ့သည့် လှိုင်းတက်တိုက်နယ်ဆေးရုံ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

သာစည် စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရေဝင်ရောက်ခဲ့သည့်နေရာများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ရေဝင်ရောက်ခဲ့သည့် ၁၆ ကုတင်ဆံ့ လှိုင်းတက်တိုက်နယ်ဆေးရုံ (မဖွင့်လှစ်ရသေး) စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဇေယျာမျိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဦးဇော်မျိုးသက်နှင့်ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုအဖွဲ့ဝင်များက ရေဝင်နစ်မြုပ်မှုကြောင့် တင်ကျန်ခဲ့သော ရွံ့နွံများ၊ အမှိုက်များ၊ ပြတင်းပေါက်မှန်ကွဲများနှင့် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းပြီး မီးသတ်ယာဉ်နှစ်စီးဖြင့် ရေထိုးဆေးကြောခြင်းများကို ဆောင်ရွက်ခဲ့ကြကာ ဆေးရုံအား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)