လယ်ဝေး စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ယခင်ရက်များက စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာများတွင် မြစ်ရေဝင်ရောက်မှုကြောင့် လူနေအိမ်နှင့် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် အခြားအဆောက်အအုံများ ရေလွှမ်းမိုးခြင်းများဖြစ်ပေါ်ခဲ့သည်။
ယခုအခါ မြစ်ရေအနည်းငယ်ကျဆင်းသွားပြီး အမြင့်ပိုင်း ကျေးရွာအချို့တွင် လမ်းများ ဆက်သွယ်သွားလာနိုင်ပြီဖြစ်ပြီး စာသင်ကျောင်းများအား သန့်ရှင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ လယ်ဝေးမြို့နယ်အတွင်း ရေဝင်ရောက်ခဲ့သည့် ကျေးရွာဖြစ်သည့် ပေါက်မြိုင်ကျေးရွာ အလယ်တန်းကျောင်း အဆောက်အအုံများအတွင်းရှိ နုန်းများအား ယနေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်း ဦးဆောင်၍ ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့်လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာသူကျေးရွာသားများ စုပေါင်း၍ နုန်းများဖယ်ရှားကာ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)