၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးမြို့နယ်အဆင့် နည်းပြ ဖွင့်ပွဲကျင်းပ

အမရပူရ စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးမြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ကျင်းပခဲ့သည်။

မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲတွင် အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သန်းခေါင်စာရင်းဆိုင်ရာ သမိုင်းကြောင်းကို မြို့နယ်သန်းခေါင်စာရင်းဆိုင်ရာအတွင်းရေးမှူး ဦးတင်ကိုကိုဝင်း ကရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို ထောက်ပံပေးအပ်ခဲ့သည်။ ယင်းနောက် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ Video. ကလစ်အားပြသခဲ့သည်။ ဆက်လက်ပြီး ခရိုင်အဆင့် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ မြို့နယ်အဆင့်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ တက်​ရောက်လာသည့် ဌာနဆိုင်ရာများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင်တိုင်းဒေသကြီး နည်းပြဆရာ(၃)ဦး၊ ခရိုင်နည်းပြ ဆရာ (၁၂)ဦးတို့မှ သင်တန်းသား၊ သင်တန်းသူ ၁၆၆ ဦးကို ၁၂ ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)