တံတားဦးမြို့နယ် လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ(မန္တလေး)၏ (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

တံတားဦး စက်တင်ဘာ ၁၇

၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ(မန္တလေး)မှ ရဲတပ်ဖွဲ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုတို့၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၈) နာရီခွဲက တံတားဦးမြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆေးကုသဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ( မန္တလေး )မှ ရဲမှူးကြီး ထွန်းမြတ်ကျော်က အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ဦးက သွေးလှူဒါန်းပေးရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ထို့နောက်လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ (မန္တလေး)  ရဲတပ်ဖွဲ့ဝန်ထမ်းများနှင့် မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်းကြရာ လေကြောင်းရဲ ကွပ်ကဲမှုအဖွဲ့ခွဲ(မန္တလေး)ရဲမှူးကြီးနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းနေကြသည့် တပ်ဖွဲ့ဝင်(၁၆)ဦးအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့သို့သွေးလှူဒါန်းခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တံတားဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် အမှန်တကယ်သွေးလိုအပ်နေသော ဝေဒနာရှင်များ အတွက်အလှူတစ်ရပ်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်(၁၆)ဦးမှ စုပေါင်းသွေးလှူဒါန်းပေးကြောင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းသည် သွေးအတွက် လိုအပ်သည့် ပြည်သူများ၏ အသက်ကိုကယ်တင်ပေးခြင်းဖြင့် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ သွေးများမလှူဒါန်းမီအချိန်တွင် သွေးပေါင် စစ်ဆေးခြင်း၊ သွေးအမျိုးအစားခွဲခြားပေးခြင်းများ ဆောင်ရွက်ပေးကြောင်း၊ သွေးလှူဒါန်းပေးသောတပ်ဖွဲ့ဝင်များအား ကြက်ဥ(၅)လုံး၊ ကွေကာလက်ဖက် ရည်ထုပ်သေး(၃)ထုပ်၊ Royal-D(၁)ဘူး၊ ငှက်ပျော(၁)ဖီး၊ နွားနို့(၁)ဘူး၊ ငွေသား(၁)သောင်းကျပ်တို့ကို ထောက်ပံ့ပေးနိုင်ပါကြောင်း လေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်

ရဲတင့်(ပြန်/ဆက်)