အမှတ်(၃၅)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့ အမှတ်(၃၅)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပေါက်ချောင်းရပ်ကွက်ရှိ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူ ဘဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

(၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို အမှတ်(၃)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် အမှတ်(၃၅)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး အောင်မြင့်မြတ်၏ ကြီးကြပ်ကွပ်ကဲမှု ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးလူလှ၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များက ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံးကြီး သွေးလှူဘဏ်တွင်  သွေးလှူဒါန်းခဲ့ရာ ၎င်းစုပေါင်းသွေးလှူဒါန်းပွဲသို့ အထူးကုဆရာဝန် (ရောဂါဗေဒ) ဒေါက်တာ ပြုံးဇာခြည်အောင်၊ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးလူလှ၊ ဒုတိယရဲမှူး မျိုးအောင်တို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးလူလှ၊ ဒုတိယရဲမှူး မျိုးအောင်တို့က သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားတစ်ဦးလျှင် ကြက်ဥ ၁၀ လုံး၊ Royal D တစ်ဗူးစီနှင့် Good Morning ပေါင်မုန့်တို့အား ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် အထူးကု ဆရာဝန် (ရောဂါဗေဒ) ဒေါက်တာ ပြုံးဇာခြည်အောင်က ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် သွေးလှူဒါန်းခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးလူလှ၊ ဒုတိယရဲမှူး မျိုးအောင်တို့က လက်ခံသည်။

အဆိုပါ (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲတွင် အမှတ်(၃)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် အမှတ်(၃၅) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး အောင်မြင့်မြတ်၏ ကြီးကြပ်ကွပ်ကွဲမှု ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးလူလှ၏ ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင် ၂၉ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၁၅ ဦးတို့က ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင်   စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)