မန္တလေးမြို့၊ မူဆယ်လူမှုကူညီရေးအသင်းက စုပေါင်းဘုံဆွမ်းလောင်းလှူ

အောင်မြေသာစံ စက်တင်ဘာ ၁၇

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ကဦးစီး၍ ဧကဒသမအကြိမ်၊ နဝမအပါတ်၊ စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဘုံဆွမ်းလောင်းလှူပွဲတွင် သံဃာတော်အရှင်သူမြတ်များအား ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့နှင့်အတူ မန္တလေးမြို့၊ မူဆယ်လူမှုကူညီရေးအသင်းက ဆွမ်း၊ ဆွမ်းဟင်း၊ အရံဆွမ်းဟင်းများ လောင်းလှူကြပြီး အမျိူသမီးအဖွဲ့ဝင်များကလည်း  လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူကြသည်

အဆိုပါ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းအနေဖြင့် ယခု ဥပုသ်နေ့တွင် အနောက်ခင်မကန်ကျောင်းမှ သံဃာတော်အပါး(၂၀၀)နှင့်ရတနာပုဂံကျောင်းမှ သံဃာတော်အပါး(၅၀)ပါးတို့အား ပင့်ဖိတ်၍ ဧကဒသမအကြိမ်၊ နဝမအပါတ်အဖြစ် စုပေါင်းဘုံဆွမ်းလောင်းလှူကြကြောင်း သိရသည်။

မြင့်မော်ထွန်း