မဟာအောင်မြေမြို့နယ်(CEA) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိညာပေးဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ စက်တင်ဘာ ၁၇

အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မြန်မာနိုင်မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း (ဗဟို-မန္တလေး) (AEDA-Mdy) တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲကို ​​ယမန်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်(CEA) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းက အဖွင်အမှာစကားပြောပြီး အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး မူးယစ်သမိုင်းကြောင်းကို အသင်း၏အလုပ်အမှုဆောင် ဦးဝင်းမင်းလှိုင်က ပြောကြားပြီး မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုးအန္တရာယ်ကို အတွင်းရေးမှူး ဦးမြင့်သန်းက ဟောပြောခဲ့သည်။

ထိုနောက် တက်ရောက်လာသူ ကျောင်းသား/သူများအား ဦးသန့်ဇင်ဦးနှင့် ဒေါ်သင်းသင်းဦးက မေးခွန်းမေးမြန်းပြီး ဖြေဆိုသူများအား အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆုလက်ဆောင်ပစ္စည်း ချီးမြှင့်ပြီး မူးယစ်ဆေးဝါးမသုံးစွဲရန် သန္တိဌာန်ရွတ်ဆိုကြပြီး ဟောပြောပွဲသို့ ကျောင်းသား/သူ(၂၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း