နမ့်စန်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

နမ့်စန်()  စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် နမ့်စန်မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကို၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၆ ရက်မှ ၂၇ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး နမ့်စန်မြို့နယ်အတွင်းမှ ပညာရေးဝန်ထမ်း (၉၁)ဦး၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအောင်မြင်ရေး ပံ့ပိုးကူညီဆောင်ရွက်မည့် တပ်မတော်သား (၁၀)ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးဝန်ထမ်းများ (၃၁)ဦးနှင့် ရပ်ကွက်နှင့် ကျေးရွာများမှ စိတ်ပါဝင်စားသူ (volunteer) (၃၁) ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၁၆၃)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)