မိတ္ထီလာ စက်တင်ဘာ၁၆
မိတ္ထီလာမြို့၌ လူထုမြို့လူထုအခြေပြုဗဟိုဌာန၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက စီစဉ်ဆောင်ရွက်သော ၂ဝ၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးကျော်ဇေယျက အမှာစကားပြောကြားပြီး ကမ္ဘာ့အိုဇုန်းလွှာနေ့ အထိမ်းအခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂ဝ၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ နေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုကလစ်ကို ပရိုဂျက်တာဖြင့်ပြသပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စက်တင်ဘာလ ၁၁ ရက်နေ့ကကျင်းပခဲ့သော ကမ္ဘာ့အိုဇုန်းလွှာနေ့အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြောင်းသိရသည်။
ချမ်းသာ