လင်းခေးမြို့နယ်၌ နှာခေါင်းစည်း Mask Campaign ဆောင်ရွက်

လင်းခေး နိုဝင်ဘာ ၂၂

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူတို့ လူစုလူဝေးရှောင်ရှားနေထိုင်ခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး()ပေအကွာ နေထိုင်ခြင်းနှင့် မဖြစ်မနေ ပြင်ပသို့ သွားလာရသည့်အခါ နှာခေါင်းစည်း(Mask) မျက်နှာကာ Face Shield များ စနစ်တကျတပ်ဆင်စေကြရေး အသိ ပညာပေးဟောပြောခြင်းနှင့်  Mask ၁ဝဝဝဝ အခမဲ့ဖြန့်ဝေခြင်း(Campaign)ကို ယနေ့ နံနက် ၆ နာရီခွဲက လင်းခေးမြို့နယ်တွင် ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစီးများအား နိုင်ငံတော်အစိုးရက ပြည်သူလူထုတို့အတွက် ထောက်ပံ့ပေးပို့လာခြင်း ဖြစ်ပြီးမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ဒေါက်တာ မောင်မောင်သန်း၊ မြို့နယ်ကျန်းမာရေးမှူး ဦးမျိုးကျော်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ မြို့နယ်စည်ပင် သာယာရေးမှ အမှုဆောင်အရာရှိ ဦးထွေးနိုင်၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးစိုင်းသိန်းဇော်ဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၊ ဝမ်ဟတ်တိုက်နယ် အပါအဝင် ရပ်ကွက်နှင့် ကျေးရွာအသီးသီးတို့တွင် ယနေ့ တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြသည့် (Mask Campaign) ဖြစ်ပါကြောင်း၊ အဆိုပါပြုလုပ်ရာ နေရာသို့ လာရောက်နိုင်ခြင်းမရှိကြသည့် ပြည်သူများ ထံသို့လည်း ၄င်းတို့လက်ဝယ်အရောက် ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ကွင်းဆင်း ကာ(အခမဲ့)ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)