ညောင်ဦး စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ၂ဝ၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အခမ်းအနားတွင် ညောင်ဦးခရိုင်အခြေခံပညာဦးစီးဌာန၊ ခရိုင်ပညာရေးမှူး ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်ဦးက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်း သိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်နှင့်ပတ်သက်၍ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတိုးမြှင့်ဆောင်ရွက်စို့ ဆောင်ပုဒ်အား ရှင်းလင်းပြောကြားသည်။ ပြီးနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video နှင့် ကုလသမဂ္ဂပတ်ဝန်း ကျင်ထိန်းသိမ်းရေးအစီအစဉ် (UNEP) အမှုဆောင်ဒါရိုက်တာ၏ မိန့်ခွန်းမှတ်တမ်း Video ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်း အမှတ် အသိပညာပေးမှတ်တမ်း Video တို့အား တက်ရောက်လာသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြသသည်။ ပြီးနောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး နေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့်နှင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကာ ဆုရရှိသူကျောင်းသား၊ ကျောင်းသူများဖြင့် အမှတ် တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဒီပါလင်း