မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းကားများ အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

မန္တလေး နိုဝင်ဘာ ၂၂

မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းကားများ အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၇ နာရီက အောင်မြေသာစံ မြို့နယ်၊ ပြည်လုံးချမ်းသာ ရပ်ကွက်၊ အကွက်(၅၅) ၁၂ နှင့် ၁၃ လမ်းကြား ၈၁ လမ်းရှိ အလှူရှင်၏ နေအိမ်ရှေ့တွင် ပြုလုပ်သည်။

အဆိုပါ လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသော  ဦးအောင်သိန်း()အောင်ကျော်ဦးနှင့်ဇနီး ဒေါ်တင်တင် (မိဘမေတ္တာ+အောင်မေတ္တာ) အင်ဂျင်ဝိုင်နှင့် ကား၊ ဆိုင်ကယ်၊ အပိုပစ္စည်း ရောင်းဝယ်ရေး မိသားစုနှင့် ရဲရင့်အင်ဂျင်ဝိုင်ကုမ္ပဏီမှ အဖွဲ့ဝင်များက စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် စွမ်းစွမ်းတမံဖြင့် ဆောင်ရွက်နေကြသော လူမှုကူညီ ရေးအသင်းအဖွဲ့များမှ အသင်းကား (၆၄)စီးအတွက် အင်ဂျင်ဝိုင်၊ လေစစ်၊ ရေစိမ်း၊ အော်တိုဆီနှင့် ဆက်စပ်ပစ္စည်းများအား ပေးအပ်လှူဒါန်းကြရာ လူမှုကူညီရေးအသင်း အဖွဲ့များ မှ တာဝန်ရှိသူများက လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)