ကျောက်ဆည် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျောက်ဆည်ခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ထောက်ပံ့ပစ္စည်းများလက်ခံရေး လုပ်ငန်းအဖွဲ့ဖွဲ့စည်းဆောင်ရွက်ထားရှိရာ စက်တင်ဘာ(၁၅)ရက် နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း (မန္တလေး)မှ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းသော ထောက်ပံ့ပစ္စည်းများ စနစ်တကျ လက်ခံထားရှိပြီး လိုအပ်လျက်ရှိသည့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ပေးအပ်လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း (မန္တလေး)မှ စောင်(၁၀၀)ထည်၊ မိုးရာသီစီးဖိနပ်(၃၆)ရံ၊ ကလေး၊ လူကြီးကျား/မအရွယ်မျိုးစုံ ဝတ်ဆင်နိုင်သည့်အထည် (၁၀၀)ထည် လာရောက်လှူဒါန်းခဲ့ပြီး ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဘဏ္ဍာငွေရှာ ဖွေရေးနှင့်ထောက်ပံ့ပစ္စည်းများလက်ခံရေး လုပ်ငန်းအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် ရေဘေးအလှူငွေကျပ်သိန်း (၆၀)နှင့်ထောက်ပံ့ရေးပစ္စည်းများ စတင်လက်ခံဆောင်ရွက်၍ အမှန် တကယ် လိုအပ်သည့် ကျေးရွာပြည်သူများထံအရောက် ပို့ဆောင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)