၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်နည်းပြသင်တန်းမှ သင်တန်းသားများက လက်တွေ့ကွင်းဆင်းကောက်ယူ

အောင်မြေသာစံ စက်တင်ဘာ ၁၆

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်နည်းပြသင်တန်းကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ သင်တန်းသားများသည် စက်တင်ဘာ ၁၄ ရက်နေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်အတွင်း လက်တွေ့ကွင်းဆင်း ကောက်ယူကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများက သင်တန်းကာလ(၁၀)အတွင်း စာတွေ့လက်တွေ့ သင်ကြားပြသပေးကြပြီး လက်တွေ့သင်ခန်း စာအဖြစ် သန်းခေါင်စာရင်း လက်တွေ့ကွင်းဆင်းကောက်ယူခြင်းကို  သင်တန်းသားတစ်ဦးလျှင် သုံးအိမ်နှုန်းဖြင့် သင်တန်းသား (၂၇)ဦးက အိမ်ထောင်စု(၈၁)စုကို အဆိုပါရပ်ကွက်အတွင်း ကွင်းဆင်း၍ စာရင်းကောက်ယူကြကာသင်တန်းခန်းမတွင် အားနည်းချက်၊အားသာချက်များကို ပြန်လည်သုံးသပ်ကြမည်ဖြစ်သည်။

ထိုသို့ ကွင်းဆင်းကောက်ယူကြရာသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ကော်မတီအတွင်းရေးမှူး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်နှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝင်းမျိုးထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဦးစန်းထွန်းလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဦးသိန်းလွင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကွက်တာဝန်ခံများက ဝိုင်းဝန်းကူညီ‌‌ဆောင်ရွက်ပေးကြသည်။

တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ (၂၇)ဦး တက်ရောက်လျက်ရှိပြီး ယခုသင်တန်းသားများသည် သက်ဆိုင်ရာမြို့နယ်များတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ဖွင့်လှစ်ပေးကြမည်ဖြစ်ကြောင်းသိရသည်။

မြင့်မော်ထွန်း