အောင်မြေသာစံ စက်တင်ဘာ ၁၆
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း ဌေးသန်းမြင့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းနှင့် ဆရာ၊ ဆရာများ၊ အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦးခန့်တက်ရောက်ကြသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအကြောင်းများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသော မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း