မိုင်းယောင်းမြို့တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်မှုအဖွဲ့ အစည်းအဝေးကျင်းပ

မိုင်းယောင်း စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်မှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် စုစုပေါင်းအင်အား ၁၃ ဦးဖြင့် ကျင်းပပြုလုပ်သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မင်းဆွေနှင့် စုစုပေါင်းအင်အား ခုနစ်ဦးဖြင့်လည်းကောင်း၊ မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မင်းဆွေနှင့် စုစုပေါင်းအင်အား ၃၆ ဦးဖြင့်လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)