မုဒုံမြို့၌ မသန်စွမ်းသူများအား ခြေတုလက်တုပြုပြင်တပ်ဆင်​ပေးခြင်းဆောင်ရွက်

မုဒုံ စက်တင်ဘာ ၁၅

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ  ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သည့် ဘာအံခြေတုလက်တု ပြန်လည် သန်စွမ်းရေးဌာနမှ မသန်စွမ်းသူများအား ခြေတုလက်တု ပြုပြင်တပ်ဆင်ပေးခြင်းကို ယမန်နေ့က ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဘာအံခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ကြက်ခြေနီစေတနာ့ လုပ်အားရှင်တို့က ပူးပေါင်းကူညီ၍  မြို့နယ်အတွင်းရှိ ခြေတုလက်တုတပ်ဆင်ထားသူများ၊ လေဖြတ်သည့်လူနာများ၊ ပိုလီယိုဝေဒနာရှင်များအား လိုအပ်သည့် အထောက်အကူပေးခြင်း၊ ခြေတုလက်တုအသေးစားပြင်ဆင်မှုလုပ်ငန်းနှင့် ကွင်းဆင်းစစ်ဆေးပေးခဲ့သည်။

ထို့နောက် မြို့နယ်အတွင်းရှိ အသေးစား ခြေတုလက်တုပြုပြင်တပ်ဆင်းပေးခြင်း လူနာ (၅၃)ဦးအား ကြည့်ရှုစစ်ဆေးပေးခဲ့ပြီး အကြီးစား ပြုပြင်တပ်ဆင်ပေးရန် လူနာ()ဦးအား ဘာအံတောင်ကလေးသို့ သွားရောက်၍ ဆက်လက်ပြုပြင်တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)