မရမ်းကုန်း စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကော်မတီ၏ ခရိုင်နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မရမ်းကုန်းမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စိန်ပန်းမြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မရမ်းကုန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ဗဟိုသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၏ မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းနည်းပြခန့်အပ်လွှာပေးအပ်ရာ သင်တန်းသားများ၏ ကိုယ်စား သင်တန်းသားဦးနေမျိုးကျော်က လက်ခံရယူခဲ့သည်။
အဆိုပါ ခရိုင်အဆင့်နည်းပြသင်တန်းတွင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ စာတွေ့/လက်တွေ့ သင်ခန်းစာများကို နည်းပြများမှ (၃-၉-၂၀၂၄) မှ (၁၄-၉-၂၀၂၄) ထိ သင်ကြားပို့ချပေးခဲ့ရာ မရမ်းကုန်းခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား (၄၈) ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)