ရန်ကုန် စက်တင်ဘာ ၁၅
သန်လျင်ခရိုင် သန်းခေါင်စာရင်းကော်မတီကကြီးမှူး ဖွင့်လှစ်ခဲ့သော ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြို့နယ်အဆင့် သင်တန်းနည်းပြ ခန့်အပ်လွှာများကို ပေးအပ်သည်။
ခရိုင်အဆင့် သန်းခေါင်စာရင်းနည်းပြ သင်တန်းဆင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေလဲ့ဝါသွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါ ခရိုင်အဆင့် သန်းခေါင်စာရင်း နည်းပြသင်တန်းသို့ ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းနှင့် ကိုကိုးကျွန်းမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ( ၃၉)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၂)ရက်ကြာမြင့်ခဲ့သည်။
အခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(ပြန်/ဆက်)