ပြင်ဦးလွင်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းသားများ လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်းဆောင်ရွက်

ပြင်ဦးလွင် စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းကို စက်တင်ဘာ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ ၊ ရပ်ကွက်ကြီး( ၄ )တွင် ခရိုင်အဆင့် နည်းပြသင်တန်းသားများ  လက်တွေ့ကွင်းဆင်းလေ့ကျင့်သင်ကြားဆောင်ရွက်ကြကြောင်း သိရသည်။

လက်တွေ့ကွင်းဆင်းစာရင်းကောက်ယူရာတွင် နည်းစနစ်မှန်ကန်ပြီး အဆင်ပြေချောမွေ့စွာ ကောက်ယူနိုင်ရန်အတွက် လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်းကို နည်းပြဆရာ/မ(၃) ဦးက ဦးဆောင်၍ သင်တန်းသား(၁၈)ဦးမှ ပြင်ဦးလွင်မြို့ပေါ်ရှိ ၊ ရပ်ကွက်ကြီး ( ၄ )တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည် ။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ စာရင်းကောက် ဆောင်ရွက်သွားမည်ဖြစ်ကြာင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။ 

ခရိုင်(ပြန်/ဆက်)