သာကေတ စက်တင်ဘာ ၁၅
ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ဇိနမာရ်အောင်ဘုရားဝင်းအတွင်း၊ ဝိမုတ္တိသုခ နှစ်ထပ်ဆောင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး ခရိုင်အဆင့်သင်တန်းကို (၃-၉-၂၀၂၄)ရက်နေ့မှ(၁၄-၉-၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀:၀၀)နာရီ၌ သင်ခန်းစာတွင်ပါရှိသည့် လက်တွေ့ လေ့ကျင့်ခြင်းဆိုင်ရာနှင့် ပတ်သက်၍ ၄/မြောက်ရပ်ကွက်၊ အောင်ရတနာ (၁၄)လမ်းတွင် မြေပြင်၌ လက်တွေ့ကွင်းဆင်း စာရင်းကောက်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလက်တွေ့ကွင်းဆင်း စာရင်းကောက်ယူဆောင်ရွက်ရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ ဝင်(၃)ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဒေါ်တင်မိုးမိုးအေး ဦးဆောင်၍ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများမှ လက်တွေ့လေ့ကျင့်ကွင်းဆင်း စာရင်း ကောက်ယူခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှဖုန်းကျော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသက်နိုင်ဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ အတွင်းရေးမှူး ရဲမှူးညွန့်ဝင်းတို့မှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် သင်တန်းကာလအတွင်း သင်ယူခဲ့သည့် သင်ခန်းစာပို့ချချက်အား အကောင်အထည်ဖော်၍ မြေပြင်၌ လက်တွေ့လေ့ကျင့်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)