ပြင်ဦးလွင်မြို့နယ် လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာ‌ပေးဟောပြော‌ပွဲ ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၅

လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့‌နံနက် (၁၀) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်အဆင့် ဒုတိယဥက္ကဌ ဒေါ်အေဇင်မေက ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်းအား မိတ်ဆက်ပေးခဲ့‌ကြောင်းသိရှိရသည်။ ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက လူငယ်နှင့်အနာဂတ်နိုင်ငံတော်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသား/သူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူ များက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်ပြီး  အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ပြင်ဦးလွင်မြို့နယ်ဥက္ကဋ္၊ ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်း၏ ခရိုင်အလုပ်အမှုဆောင် ဦးဇော်မြင့်နှင့် အဖွဲ့၀င်များက ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/သူ (၂၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သွေးသွေး (ခရိုင်ပြန်/ဆက်)