ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကျင်းပ

ဥတ္တရသီရိ စက်တင်ဘာ ၁၅

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့်နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်သန်းခေါင်စာရင်း‌ကော်မတီအတွင်း‌ရေးမှူး ဒေါ်မော်လီဝင်း၊ မြို့နယ်သန်းခေါင်စာရင်း‌ကော်မတီအတွင်း‌ရေးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဒေါ်မော်လီဝင်းက သင်တန်းဆင်းအမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်း‌ရေးမှူးနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်း‌ရေးမှူးတို့က သင်တန်းနည်းပြခန့်အပ်လွှာများကို ပေးအပ်ခဲ့ရာ  သင်တန်းသားခေါင်းဆောင်များက လက်ခံရယူကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ ခရိုင်အဆင့်နည်းပြသင်တန်းကို စက်တင်ဘာလ ၃ ရက်‌နေ့မှ ၁၄ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချ‌ပေးခဲ့ခြင်းဖြစ်ပြီး ဥတ္တရခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်မှ သင်တန်းသားသင်တန်းသူ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)