သဖြူဇရပ် စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ သဖြူဇရပ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်း(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကြာကန်ရပ်ကွက်ရှိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးချမ်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းနှင့် ဦးစီးအရာရှိ ဒေါက်တာသက်စိုးနိူင်တို့က စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၅ ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်အတွင်းရှိ နွားမွေးမြူရေးလုပ်ငန်းရှင် ၁၀ ဦးတို့ မှတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)