မုဒုံမြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

မုဒုံ စက်တင်ဘာ ၁၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဝက်တဲကျေးရွာနှင့် ညောင်ကုန်းကျေးရွာ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ  ဒုတိယပြည်နယ်ဦးစီးမှူးက ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အွန်လိုင်းစျေးရောင်းချခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း၊ မော်လမြိုင်ခရိုင်မှူးမှ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် ဥပဒေပါပြဋ္ဌာန်းချက်များအကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်မည့်နည်းလမ်းများအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူများတို့က သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြားပေး၍ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)